Frederic နဲ့ Tsubaki Factory
Frederic နဲ့ Tsubaki Factory အဖွဲ့အကြောင်း မိတ်ဆက်ပေးပါမယ်။ Frederic လို့ခေါ်တဲ့ အမျိုးသား ၄ ဦးပါဝင်တဲ့ ရော့ခ်တေးဂီတအဖွဲ့ကို အမွှာညီအစ်ကိုတွေ ဖြစ်ကြတဲ့ Mihara Kenji နဲ့ Mihara Koji တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီတီးဝိုင်းအဖွဲ့ဟာ ဂီတပုံစံအမျိုးမျိုးကို ပျော်ရွှင်စရာ ခံစားချက်တွေ၊ ဟာသ စာသားတွေနဲ့ ပေါင်းစပ်ပြီး စည်းချက်ညီညီနဲ့ တိုက်ရိုက်ဖျော်ဖြေမှုတွေကြောင့် ရေပန်းစား လူကြိုက်များလာပါတယ်။ နောက်ထပ်တစ်ဖွဲ့ဖြစ်တဲ့ Tsubaki Factory ကတော့ မိန်းကလေး ၉ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ သူတို့အဖွဲ့က ၂၀၁၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ Tsubaki Factory ဟာ ပေါ့ပ်အိုင်ဒေါအဖွဲ့ ၅ ဖွဲ့နဲ့ တက်သစ်စ အဆိုတော်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ "Hello! Project" ထဲမှာ ပါတဲ့ အဖွဲ့ ထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။ "Tsubaki" ဆိုတာ ဟိုးရှေးရှေးတုန်းကတည်းက ဂျပန်လူမျိုးတွေ နှစ်သက်မြတ်နိုးတဲ့ ပန်းတစ်မျိုးဖြစ်တဲ့ "camellia" ပန်းကို ဂျပန်လိုခေါ်တာပါ။ ဒီအစီအစဉ်မှာ သူတို့တွေကို အထူးမေးမြန်း ထားတာတွေလည်း ပါဝင်ပါတယ်။ စတူဒီယိုတွင်း တိုက်ရိုက်ဖျော်ဖြေမှုတွေကိုလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။