Moriguchi Hiroko & SILENT SIREN
ဒီတစ်ကြိမ်အစီအစဉ်မှာ Moriguchi Hiroko နဲ့ SILENT SIREN အကြောင်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ Moriguchi Hiroko ဟာ ၁၉၈၅ ခုနစ်မှာ "Mobile Suit Zeta Gundam" လို့ခေါ်တဲ့ ဂျပန် အန်နီးမဲ ဇာတ်လမ်းတွဲမှာ သီချင်း သီဆိုရင်း အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ သူက ပေါ့ပ် သီချင်း တင်မကဘဲ jazz ဖျော်ဖြေပွဲတွေကိုလည်း လုပ်တဲ့ ပါရမီရှင် အဆိုတော်တစ်ဦးဖြစ်ပါတယ်။ SILENT SIREN အဖွဲ့ကတော့ အမျိုးသမီး ၄ ဦးနဲ့ ဖွဲ့စည်းထားပြီး မဂ္ဂဇင်းတွေအတွက် ဖက်ရှင်မော်ဒယ်တွေ အဖြစ်လည်း သရုပ်ဆောင်ကြပါတယ်။ ချစ်စရာကောင်းပြီး ဂီတပါရမီရှိတဲ့ သူတို့တွေဟာ အလွန်လူကြိုက်များပါတယ်။ ဒီအစီအစဉ်မှာ သူတို့နဲ့ အထူးတွေ့ဆုံမေးမြန်ထားတဲ့အပြင် စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကိုလည်း တင်ဆက်ပေးမှာဖြစ်လို့ နားဆင်ပါနော်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။