ANGERME , Miyamoto Karin နဲ့ Kiyono Momohime
ANGERME အဖွဲ့ က Miyamoto Karin နဲ့ Kiyono Momohime တို့အကြောင်း တင်ဆက်ပေးမှာပါ။ အဲဒီအဖွဲ့နဲ့ အနုပညာရှင် ၂ ဦးတို့ဟာ အဖွဲ့ ဝင်၅ ဦးနဲ့ တက်သစ်စ လေးတွေပါဝင်တဲ့ "Hello! Project" က မိန်းကလေးတွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က "S/mileage" အမည်ကနေ နာမည်ပြောင်းထားတဲ့ ANGERME ဟာ နိုင်ငံခြားဖျော်ဖြေပွဲတွေမှာ အောင်မြင်မှုတွေ ရထားတဲ့ အိုင်ဒေါအဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ Juice=Juice အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Miyamoto Karin ဟာ တစ်ကိုယ်တော် လှုပ်ရှားတဲ့ အနုပညာရှင် လုပ်ဖို့ ခွဲထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ Kiyono Momohime ဟာတော့ "Hello! Project" အဖွဲ့သစ်ရဲ့ BEYOOOOONDS အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကနေ သူတို့တွေ ကို အထူးမေးမြန်းထားတာတွေနဲ့ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကို နားဆင်ကြရမှာပါ။
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။