AK-69 & coba
ဒီနေ့တော့ AK-69 နဲ့ coba ဆိုတဲ့ အနုပညာရှင်တွေရဲ့ တင်ဆက်မှုကို နားဆင်ရပါမယ်။ AK-69 ဟာ ဟစ်ဟော့ပ် ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ဟစ်ဟော့ပ်မွေးဖွားရာ အမေရိကန်ပြည်ထောင်စုမှာ အတော်လေးကို ချီးမြှောက်ခံရသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပရိသတ်တွေထဲမှာ ကြေးစားအားကစားသမားတွေလည်း ပါဝင်ကြပါတယ်။ coba ကတော့ အကော်ဒီယံတီးခတ်သူတစ်ဦးဖြစ်ပြီး ပေါ့ပ်တေးဂီတကို ဂန္တဝင်တေးသွားတွေနဲ့ရောစပ် တီးခတ်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းလှည့်လည်ဖျော်ဖြေနေပါတယ်။ အဲဒီဂီတပညာရှင်နှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာတွေနဲ့ စတူဒီယိုတွင်း ဖျော်ဖြေတင်ဆက် ထားတာတွေကို တင်ဆက်ပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။