Sasaki Ayaka & Bullet Train
ဒီနေ့အတွက်တော့ Sasaki Ayaka နဲ့ Bullet Train တို့ရဲ့ တေးသီချင်းတွေကို နားဆင်ရပါမယ်။ Sasaki Ayaka ဟာ ဂျပန်မှာ အင်မတန်လူကြိုက်များတဲ့ အမျိုးသမီးအိုင်ဒေါ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Momoiro Clover Z ရဲ့ အဖွဲ့ဝင်တစ်ဦးပါ၊ ဇူလိုင်လက သူ့ရဲ့ ပထမဦးဆုံးသော တစ်ကိုယ်တော်တေးအဲလ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ အမျိုးသားအိုင်ဒေါအုပ်စုတစ်စုဖြစ်တဲ့ Bullet Train ဟာ ဂျပန်မှာ လူအများရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့တစ်တွေရဲ့ သီချင်းတိုင်းမှာ ဦးဆောင်သီဆိုသူကို ပြောင်းပြီး အများနဲ့မတူ တမူထူးခြားတဲ့ စတိုင်သစ်က လူအများကြားမှာ ရေပန်စားပါတယ်။ သူတို့တတွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့ စတူဒီယိုတွင်း သီဆိုဖျော်ဖြေထားတာတွေကို တင်ဆက်ပေးပါမယ်။ 

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။