အာယာ့ကာ ဟီရာ့ဟာရာ့ နဲ့ မိုရိစာကိ ဝင်း
ဒီတစ်ကြိမ်မှာတော့ အာယာ့ကာ ဟိရာ့ဟာရာ့ နဲ့ မိုရိစာကိ ဝင်း တို့ ရဲ့အလှည့်ဖြစ်ပါတယ်။ ဟိရာ့ဟာရာ့ ဟာ သူ့ရဲ့ ပထမဦးဆုံးသော ဖျော်ဖြေ တင်ဆက်မှုကို ဂျပန်စာသားတွေနဲ့ ဂူးစတပ်ဗ် ဟော့လ်စ် ရဲ့ မူရင်းလက်ရာ စာသားတွေကို ပေါင်းစပ်ထားတဲ့ "Jupiter" ဆိုတဲ့တေးသီချင်းဖြစ်ပါတယ်။ အဲဒီသီချင်းဟာ လူကြိုက်များရေပန်းစားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မိုရိစာကိ ဝင်း ဟာ မူလတန်းကျောင်းသားအရွယ်မှာ ဂျပန်ကို ရောက်လာခဲ့ပါတယ်။ သူဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအနုပညာရှင် ၂ ဦးကို တွေ့ဆုံမေးမြန်းပြီး စတူဒီယိုထဲမှာ ဖျော်ဖြေတင်ဆက်တာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ (၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။