နက္ခတ်တာရာပြ ပရိုဂျက်တာ
ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ ဆွဲဆောင်မှုတွေနဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတင်ဆက်နေတဲ့ ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည် အစီအစဉ်ပါ။ ဒီတစ်ကြိမ်မှာတော့ ကြယ်ရောင်စုံတဲ့ ညကောင်းကင်ယံကို ပြင်ပမှာတကယ် တွေ့မြင်နေသလို ခံစားရအောင် ဖန်တီးတီထွင် ထားတဲ့ နက္ခတ်တာရာပြ ပရိုဂျက်တာတွေ အကြောင်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဂျပန်ကုမ္ပဏီတစ်ခုက ဖန်တီးခဲ့တဲ့ နက္ခတ်တာရာပြ ပရိုဂျက်တာဟာ ကမ္ဘာမှာ ပထမဆုံးအဖြစ် သာမန်မျက်စိနဲ့မြင်နိုင်တဲ့ ကြယ်ပေါင်း ၉,၅၀၀ လောက်ကို တစ်ပွင့်ချင်းစီရဲ့ အရောင်အတိုင်း ချယ်ပေးကာ အသေးစိတ် ပြသပေးနိုင်ပါတယ်။ ဒီထိပ်တန်းတီထွင်မှုရဲ့ နောက်ကွယ်က ဇာတ်လမ်းကို နားဆင်ကြည့်ရအောင်။
ကြယ်ပေါင်း ၉၅၀၀ လောက်ကို အရောင်တွေနဲ့အတူ ပြပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး နက္ခတ်တာရာပြ ပရိုဂျက်တာ
တီထွင်သူ မစ္စတာ Kasahara Makoto
ကြယ်စက်ကွင်း လို့ခေါ်တဲ့ သတ္တုပြားမှာပါတဲ့ အပေါက်လေးတွေကို အလင်းဖြတ်သန်းတဲ့အခါ ကြယ်လေးတွေအဖြစ် ပေါ်ထွက်လာပါတယ်။
နက္ခတ်တာရာပြ ပရိုဂျက်တာ ကနေ ကြယ်ရောင်စုံ ကောင်းကင်ယံ တစ်ခု ပုံဖော်ပေးပါတယ်။