Green Tea လက်ဖက်ရည်ကြမ်းဗူး
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည် အစီအစဉ်ကနေ ဂျပန့် ထိပ်တန်း တီထွင်ဆန်းသစ်မှုတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ PET ပလတ်စတစ်ဗူးတွေထဲ ထည့်ပြီးရောင်းချနေတဲ့ Green Tea လက်ဖက်ရည်ကြမ်း အကြောင်း နားဆင်ရပါမယ်။ နိုင်ငံနဲ့ ဒေသပေါင်း ၃၀ ကျော်မှာ လူကြိုက်များနေတဲ့ အဲဒီ Green Tea လက်ဖက်ရည်ကြမ်းဗူးတွေကို ၁၉၉၀ ခုနှစ်မှာ ဂျပန်အဖျော်ယမကာလုပ်ငန်းကြီးတစ်ခုက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ပလတ်စတစ်ဗူးထဲမှာ ထည့်ထားတာဖြစ်ပေမဲ့လည်း လက်ဖက်ရည်ကြမ်းရဲ့ မူလအရသာအတိုင်း ခံစားရနိုင်စေဖို့ အထူးနည်းပညာတွေနဲ့ ထုတ်လုပ်ထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနေကြသူတွေအကြား ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေရတဲ့ ဒီလက်ဖက်ရည်ကြမ်းဗူးတွေရဲ့နောက်ကွယ်က လူသိနည်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို လေ့လာကြည့်ရအောင်။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
၁၉၉၀ မှာ ထုတ်လုပ်ခဲ့တဲ့ ၁.၅ လီတာဆံ့ Green Tea လက်ဖက်ရည်ကြမ်းဗူး
ထုတ်ကုန်သစ် တီထွင်ဖန်တီးရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ Yashiro Mitsuo
ဖန်ခွက်ထဲကို Green Tea လောင်းထည့်လိုက်ပါတယ်။
ယခင် ထုတ်လုပ်ခဲ့တဲ့ ၅၀၀ ml ဆံ့ဗူး (ဘယ်ဘက်) ။ သဘာဝပတ်ဝန်းကျင်အတွက် ပိုပြီး သဟဇာတဖြစ်အောင် ထုတ်လုပ်ထားတဲ့ ပါးလွှာတဲ့ ပလတ်စတစ်ဗူးနဲ့ထည့်ထားတဲ့ Green Tea လက်ဖက်ရည်ကြမ်း (ညာဘက်)