လက်ဖဝါးပေါ်က သွေးကြောဖတ်စက်
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည် အစီအစဉ်ကနေ ဂျပန့် ထိပ်တန်း တီထွင်ဆန်းသစ်မှုတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကိုယ့်လက်ဖဝါးကို ပြလိုက်ရုံနဲ့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အတည်ပြုပေးနိုင်တဲ့ "palm vein authentication" စက် အကြောင်းပါ။ လက်ဖဝါးပေါ်မှာ ရှိတဲ့ လူတစ်ဦးနဲ့တစ်ဦး မတူတဲ့ သွေးပြန်ကြောတွေကို ဖတ်တဲ့စက်ကို ဂျပန်ကုမ္ပဏီကြီး တစ်ခုက ကမ္ဘာ့ပထမဆုံးသော ဇီဝဗေဒနည်းပညာနဲ့ ၂၀၀၃ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ဒါကို ကမ္ဘာတစ်ဝန်း နိုင်ငံနဲ့နယ်မြေဒေသ ၆၀ ကျော်မှာ အခုအခါ အသုံးပြုနေကြပါပြီ။ ဒီထိပ်တန်းတီထွင်မှုနောက်ကွယ်က လူသိနည်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို လေ့လာကြည့်ရအောင်။
လက်ဝါးပေါ်က သွေးပြန်ကြောပုံစံကို စက်ကဖတ်ပြီး ကွန်ပျူတာဖွင့်နိုင်ပါတယ်
တီထွင်သူ Aoki Takahiro
သွေးပြန်ကြောဖတ်တဲ့ အာရုံခံကိရိယာ
သွေးကြောပုံစံကို စက်က စိစစ်အတည်ပြုပြီး ရုံးခန်းကို ဝင်ရောက်နေပုံ