ပလတ်စတစ် ဖလင်ပြားပေါ်က စိုက်ခင်း
ဒီအစီအစဉ်ကနေ ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ ထိပ်တန်း တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က ဆွဲဆောင်မှုတွေနဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ ထိုးဖောက်မြင်နိုင်တဲ့ ဖလင်ပြားကို အသုံးပြုပြီး အပင်တွေ စိုက်ပျိုးတဲ့ ဖလင်စိုက်ခင်း အကြောင်းတင်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖလင်ပြားကို တစ်ခါသုံး ကလေးသေးခံတွေမှာ အသုံးပြုတဲ့ အစိုဓာတ်ကို စုပ်ယူနိုင်တဲ့ ဟိုက်ဒရိုဂျယ်နဲ့ ပြုလုပ်ထားပါတယ်။ အဲဒီအပေါ်မှာ မျိုးစေ့တွေကိုကြဲလိုက်တဲ့အခါ အဲဒီအပေါ်မှာ အပင်ပေါက်လာပါတယ်။ မြေဆီလွှာမပါဘဲ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားပျိုးပင်တွေကိုပါ စိုက်ပျိုးနိုင်ပါတယ်။ ထူးခြားလှတဲ့ ဂျပန့် လယ်ယာစိုက်ပျိုးရေး နည်းပညာနောက်ကွယ်က လူသိနည်းတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဖလင်ပြား စိုက်ခင်းမှာ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်များ
ဖလင်ပြား စိုက်ခင်းကို တီထွင်ထုတ်လုပ်သူ မစ္စတာ Mori Yuichi
ဟိုက်ဒရိုဂျယ် ကို အခြေခံထားတဲ့ ဖလင်ပြား
အပင်အမြစ်တွေက ဖလင်ပြားမှာ တွယ်နေတာကြောင့် အောက်ကို ကျမသွားပါ