Top
ခြေလှမ်းသစ်တို့နဲ့ စတင်မယ့် ကျွန်းကလေး
ဒီတစ်ခါ ဇာတ်အိမ်တည်တာကတော့ ဂျပန့်အလယ်ပိုင်း Mie ခရိုင် Shima မြို့ရဲ့ ပစိဖိတ်ကမ်းရိုးတန်းအလွန် ကျွန်းငယ်လေး Watakano မှာ ဖြစ်ပါတယ်။
စီးပွားရေးတွေ မကျဆင်းခင်တုန်းက ဒီကျွန်းလေးဟာ ဘားတွေ၊ ညဈေးဆိုင်ခန်းတွေ အစီအရီနဲ့ မီးတွေထိန်ထိန်လင်းနေတဲ့ အရပ် ဆိုပြီး လူသိများပါတယ်။
မြို့ကြီးပြကြီးမှာ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ဟာ ဒီကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။
ဒေသတွင်း ပြန်လည်စည်ပင်လာရေး ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီကျွန်းလေး ပြန်အသက်ဝင်လာအောင် သူက ကူညီပေးနေပါတယ်။ ဒီလူငယ်နဲ့ ဒေသခံကျွန်းသားတွေ သူတို့ရဲ့ ဘဝလမ်းကြောင်း ပြန်တည့်မတ်လာအောင် ဘယ်လိုတွေ ကြိုးပမ်းနေကြသလဲ ဆိုတာ လေ့လာကြည့်လိုက်ကြရအောင်။
ကျွန်းကလေး ပြန်စည်ပင်လာစေရေး ကူညီပေးမယ့် တစ်ယောက်ယောက်စေလွှတ်ပေးဖို့ မြို့ကို ကျွန်းသားတွေက တောင်းဆိုတဲ့အခါ မြို့အုပ်ချုပ်ရေးအရာရှိတွေက Toge Hiroyuki ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
Watakano ကျွန်းကိုရောက်ဖို့ Mie ခရိုင်၊ Shima မြို့ရဲ့ ဗဟိုချက်နေရာကနေ လှေနဲ့ သုံးမိနစ်လောက် စီးရပါတယ်။
အရင်က ဒီကျွန်းဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ခရီးသွားနေရာတစ်ခု ဖြစ်ခဲ့ပေမဲ့ ၁၉၉၀ ခုနှစ်တွေနောက်ပိုင်းမှာ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရုပ်သိမ်းသွားကာ ကျွန်းရဲ့ လူမှုအသိုက်အဝန်းဟာ ယိုယွင်းဆုတ်ယုတ်ခဲ့ပါတယ်။
ဒီကျွန်းပေါ်မှာ လူဦးရေ ၁၇၀ လောက် နေထိုင်ကြပြီး ထက်ဝက်နီးပါးက သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<