အပြုံးပန်းတွေပွင့်စေတဲ့ မိခင်တစ်ဦးရဲ့နှလုံးခုန်သံ
ဒီတစ်ကြိမ်မှာတော့ ဂျပန်နိုင်ငံ အိုစာကာခရိုင် အခြေစိုက် ဂျပန့်ရိုးရာဗုံ “wadaiko” တီးခတ်တဲ့အဖွဲ့အကြောင်းကို နားဆင်ရပါမယ်။ ကုသရခက်ခဲတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်တွေနဲ့ အဲဒီအဖွဲ့ကို ဖွဲ့စည်းထားတာပါ။ COVID ကပ်ရောဂါကြောင့် ၃ နှစ်ခွဲကြာ အနားယူလိုက်ရတဲ့ အဲဒီအဖွဲ့ဟာ ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေတင်ဆက်ဖို့အတွက် ပြင်ဆင်နေပါတယ်။
ဂျပန့်ရိုးရာဗုံ “wadaiko” တီးအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Morimoto Junko ရဲ့ သားအကြီးဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် Riku ဟာ ပြင်းထန်တဲ့ မသန်စွမ်းရောဂါ ခံစားနေရသူဖြစ်ပါတယ်။ သူဟာ လမ်းလျှောက်တာကအစ အဝတ်အစား ဝတ်ဆင်တာအထိ အစစ အရာရာအတွက် အကူအညီလိုအပ်ပါတယ်။
တခြားအဖွဲ့ဝင်တစ်ဦးကတော့ Nomura Yuka ဖြစ်ပါတယ်။ Yuka ဟာ အဲဒီအဖွဲ့မှာ ပါဝင်ခဲ့ပြီးနောက် ခြောက်လအကြာ နွေဦးကာလတစ်ခုမှာ သူ့ရဲ့သမီးဖြစ်သူ Waka ကွယ်လွန်သွားခဲ့ပါတယ်။