Top
ချို့ယွင်းနေတဲ့မှတ်ဉာဏ်တွေထဲမှာ မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်း
ကျိုတိုခရိုင်မှာ နေထိုင်နေတဲ့ မစ္စတာ Shimosaka Atsushi ဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ ရှိတယ်လို့ ပြီးခဲ့တဲ့ ၃ နှစ်က စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ အသက် ၄၆ နှစ်သာ ရှိသေးပြီး သူ့ဘဝမှာ လုပ်ငန်းအအောင်မြင်ဆုံးအချိန်လည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါနဲ့ ပတ်သက်ပြီး သူ့ ခံစားချက်နဲ့ သဘောထားတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပါတယ်။ မစ္စတာ Shimosaka Atsushi ရဲ့ ပို့စ်တွေကတစ်ဆင့် တွေ့မြင်နိုင်မယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ခံစားနေရတဲ့လူနာတစ်ဦးဖြစ်တဲ့ သူ့ ဘဝရဲ့ အခိုက်အတန့်လေးတွေကို လေ့လာကြည့်ကြရအောင်။
မစ္စတာ Shimosaka Atsushi ဟာ သူ့မှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ ၃ နှစ်က စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
အခုအခါ မစ္စတာ Shimosaka Atsushi ဟာ သက်ကြီးရွယ်အိုတွေအတွက် နေ့ပိုင်းပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုပေးတဲ့ စင်တာမှာ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအလုပ်ကို လုပ်နေပါတယ်။
မစ္စတာ Shimosaka Atsushi ဟာ ဇနီးသည် Yoshiko အတွက် ရည်ရွယ်တဲ့ ပို့စ်တစ်ခုကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<