Top
ဝေးလံခေါင်သီကျွန်းပေါ်က ပြည်သူ့အကျိုးပြု ဆရာဝန်
ဆရာဝန်ငယ်တစ်ဦးဟာ ဂျပန်ရဲ့အဓိက ဟွန်းရှူးကျွန်းမှာ နှစ် ၂၀ကျော်ကြာနေခဲ့ပြီးနောက် သူ့ရဲ့ဇာတိမြေ ဂျပန် မြောက်ပိုင်းက ဝေးလံတဲ့ ကျွန်းလေးပေါ်ကို ပြန်လာခဲ့ပါတယ်။ သူဟာ ခွဲစိတ်ဆရာဝန်အဖြစ်နဲ့ ဆေးပညာလောကရဲ့ ရှေ့တန်းမှာ ထမ်းဆောင်နေတာကို ချန်ရစ်ပြီး သူ့ရဲ့ဖခင်က ၃၆ နှစ်ကြာ စီမံခန့်ခွဲခဲ့တဲ့ ဒေသန္တရဆေးခန်းလေးကို လွှဲပြောင်းရယူဖို့ အဲဒီကျွန်းလေးဆီကို ပြန်လာခဲ့ပါတယ်။ ဒီကျွန်းပေါ်မှာ သူက လူနာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်သာမက သူတို့ရဲ့ နေ့စဥ်ဘဝတွေကိုပါ ကူညီပံ့ပိုးပေးနေပါတယ်။ လူနာတွေကို တတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုတွေပေးပြီး ဘဝကို လူ့သက်တမ်းစေ့ အပြည့်အဝနေထိုင်နိုင်အောင် အိမ်တိုင်ရာရောက် ကြည့်ရှု စောင့်ရှောက်မှုတွေပေးနေတဲ့ အဲဒီဆရာဝန်လေးရဲ့ အကြောင်းတွေကို နားဆင်ကြည့်လိုက်ကြရအောင်။
လူနာတွေဆီ အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ ကျွန်းလေးပေါ်က ဆရာဝန် Masuda Akio
ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုး မှာရှိတဲ့ ဝေးလံခေါင်သီတဲ့နေရာက လူဦးရေ ၂၃၀၀ ပဲရှိတဲ့ Rebun ကျွန်း
ဒေသန္တရဆေးခန်းကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့ ဖခင်ဖြစ်သူ အနားယူတော့မှာဖြစ်လို့ ဒေါက်တာ Masuda က ကျွန်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<