ဇွဲမလျှော့စတမ်း − ဘေ့စ်ဘောအန်တီ နှင့် ကလေးများ
ဒီတစ်ခေါက်မှာတော့ Osaka က ကလေးသူငယ် ဘေ့စ်ဘောအသင်းအကြောင်းကို နားဆင်ရပါမယ်။ ဒီအသင်းမှာ အသင်းသား ၁၄၀ ဦးရှိပြီး ဂျပန်ရဲ့ Little League အတွက် ထူးချွန်တဲ့ ကစားသမားတွေကို မွေးထုတ်ပေးနေပါတယ်။ အသင်းတည်ထောင်သူ Tanahara Yasuko ဟာ အသက် ၈၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပေမဲ့ ကစားသမားတွေကို လေ့ကျင့်သင်ကြားပေးနေဆဲ ဖြစ်ပါတယ်။ Yasuko ဟာ အနှစ် ၅၀ တိုင်အောင် နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကလေးတွေကို ပြုစုပျိုးထောင်မှုမှာ ပတ်ဝန်းကျင်နဲ့ လူမှုဘဝတန်ဖိုးတွေ ပြောင်းလဲမှုတွေ ရှိလာပေမဲ့လည်း Yasuko ဟာ သူ့ရဲ့ သင်ကြားပုံ နည်းလမ်းတွေ မကြာခဏ ဆန်းစစ်ပြီး မှားလိုက် ပြင်ဆင်လိုက်နဲ့ သူ့ခံယူချက်တွေကို မပြောင်းမလဲ ရှေ့ဆက်လာခဲ့ပါတယ်။ ဘေ့စ်ဘောအန်တီနဲ့ သူ သင်ကြားပေးတဲ့ ကလေးတွေရဲ့ လေ့ကျင့်မှုနဲ့ တိုးတက်မှုတွေအကြောင်းကို လေ့လာကြရအောင်။
ဘေ့စ်ဘောအန်တီ Tanahara Yasuko (ဘယ်)