Top
ရေထဲကနေ အခွင့်အလမ်းတွေဆီ ကူးခတ်ပျံသန်းခြင်း
ဂျပန်အလယ်ပိုင်း Shizuoka ခရိုင် Hamamatsu မြို့မှာရှိတဲ့ ရေကူးသင်တန်းကျောင်းတစ်ကျောင်းက နည်းပြနဲ့ အဲဒီက ကျောင်းသူကျောင်းသားတွေရဲ့အကြောင်း ဖြစ်ပါတယ်။ ဒီကျောင်းကို ပြီးခဲ့တဲ့ နှစ် ၃၀ မှာ မသန်စွမ်းသူတွေအတွက် အထူးဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က တိုကျိုပါရာလင်းပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၅ ခု ရရှိခဲ့တဲ့ Suzuki Takayuki ဟာလည်း အဲဒီကျောင်းက ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။ မသန်စွမ်းသူ ကျောင်းသား အများအပြားအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် အဲဒီကျောင်းက ဘယ်လို ကြိုးပမ်းအားထုတ် ပေးနေလဲဆိုတာ လေ့လာကြည့်ရအောင်။ (၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Penguins Village Swimming School လို့ ခေါ်တဲ့ အဲဒီကျောင်းဟာ မြို့က စီမံခန့်ခွဲတဲ့ ရေကူးကန် ၄ ကန်မှာ အပတ်တိုင်း သင်တန်းတွေ ပို့ချနေပါတယ်။ ရေကူးနည်းပြ Ito Yuko ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က စပြီး သင်တန်းတွေ ပို့ချပေးနေပါတယ်။
၂၀၂၁ ခုနှစ် တိုကျိုပါရာလင်းပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၅ ခု ရရှိခဲ့ပြီး အဲဒီကျောင်းရဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သူ Suzuki Takayuki
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<