ရေထဲကနေ အခွင့်အလမ်းတွေဆီ ကူးခတ်ပျံသန်းခြင်း
ဂျပန်အလယ်ပိုင်း Shizuoka ခရိုင် Hamamatsu မြို့မှာရှိတဲ့ ရေကူးသင်တန်းကျောင်းတစ်ကျောင်းက နည်းပြနဲ့ အဲဒီက ကျောင်းသူကျောင်းသားတွေရဲ့အကြောင်း ဖြစ်ပါတယ်။ ဒီကျောင်းကို ပြီးခဲ့တဲ့ နှစ် ၃၀ မှာ မသန်စွမ်းသူတွေအတွက် အထူးဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က တိုကျိုပါရာလင်းပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၅ ခု ရရှိခဲ့တဲ့ Suzuki Takayuki ဟာလည်း အဲဒီကျောင်းက ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။ မသန်စွမ်းသူ ကျောင်းသား အများအပြားအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် အဲဒီကျောင်းက ဘယ်လို ကြိုးပမ်းအားထုတ် ပေးနေလဲဆိုတာ လေ့လာကြည့်ရအောင်။
Penguins Village Swimming School လို့ ခေါ်တဲ့ အဲဒီကျောင်းဟာ မြို့က စီမံခန့်ခွဲတဲ့ ရေကူးကန် ၄ ကန်မှာ အပတ်တိုင်း သင်တန်းတွေ ပို့ချနေပါတယ်။ ရေကူးနည်းပြ Ito Yuko ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က စပြီး သင်တန်းတွေ ပို့ချပေးနေပါတယ်။
၂၀၂၁ ခုနှစ် တိုကျိုပါရာလင်းပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၅ ခု ရရှိခဲ့ပြီး အဲဒီကျောင်းရဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သူ Suzuki Takayuki