အိုကီနာဝါက မြေမြှုပ်လက်နက်ပစ္စည်း ရှာပုံတော်
ဒီတစ်ကြိမ်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ မြေပြင်စစ်ပွဲဖြစ်ပွားရာ နေရာတစ်ခု ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါရဲ့ အကြောင်း ဖြစ်ပါတယ်။ အဲဒီတုန်းက အိုကီနာဝါကို ကောင်းကင်ပေါ်ကနေ တန်ချိန်ပေါင်း ၂၀၀,၀၀၀ လောက် ရှိတဲ့ လက်နက်ကြီးကျည်ဆန်တွေ ကျခဲ့ပါတယ်။ အခုအချိန်မှာတောင် အိုကီနာဝါမှာ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်း ၆၀,၀၀၀ လောက်ကို နှစ်တိုင်း တွေ့ရှိနေပါတယ်။ အဲဒီလက်နက်ပစ္စည်းတွေ အားလုံးကို ဖယ်ရှားဖို့ နှစ်ပေါင်း ၇၀ လောက် ကြာလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒီအစီအစဉ်မှာတော့ မြေအောက်ထဲက မပေါက်ကွဲသေးတဲ့ အဲဒီလက်နက်ပစ္စည်းတွေကို ရှာဖွေဖို့အတွက် သူ့ရဲ့အသက်ကို မြှုပ်နှံထားပြီး အားသွန်ခွန်စိုက် ကြိုးစားရှာဖွေနေတဲ့ အမျိုးသားတစ်ဦး အကြောင်းကို နားဆင်ရပါမယ်။
အိုကီနာဝါမှာ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်း ၆၀,၀၀၀ လောက်ကို နှစ်တိုင်း တွေ့ရှိနေပါတယ်။
အိုကီနာဝါမှာ အများပြည်သူဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု မစတင်ခင် သံလိုက်အားတိုင်းတာစစ်ဆေးမှုကို လုပ်ရပါတယ်။
Sunagawa Masahiro ဟာ သံလိုက်အားတိုင်းတာစစ်ဆေးမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်ပါတယ်။
စစ်ပွဲကြီးပြီးဆုံး သွားပြီးနောက် အိုကီနာဝါမှာ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းတန်ချိန် ၁၀,၀၀၀ လောက် မြေအောက်မှာ ကျန်ရှိနေသေးတယ်လို့ ယူဆရပြီး လူပေါင်း ၇၀၀ ကျော်ဟာ အဲဒီလက်နက်တွေကြောင့် သေဆုံးခဲ့ရပါတယ်။