မိသားစုရဲ့နွေးထွေးတဲ့ ထိတွေ့မှုတွေပြန်ရဖို့ မျှော်လင့်နေသူများ
COVID-19 ကပ်ရောဂါကြီးကြောင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာအများအပြားမှာတော့ နေထိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအကြား လာရောက်လည်ပတ်မှုမှာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိလာခဲ့ပါတယ်။ မိသားစုဝင်တွေ အချင်းချင်း လက်ကိုကိုင်ပြီး နွေးနွေးထွေးထွေး စကားပြောဆိုခွင့်တောင် မရှိတော့ပါဘူး။ အဲဒီလို လစ်ဟာသွားတဲ့ နွေးထွေးမှုတွေကို ပြန်ရနိုင်ဖို့ မျှော်လင့်နေကြတဲ့ မိသားစု ၂စုအကြောင်းကို နားဆင်ကြည့်ကြရအောင်။
ဂျပန်မြောက်ပိုင်း၊ Miyagi ခရိုင် Sendai မြို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ နေထိုင်သူတစ်ဦးနဲ့ သူ့ရဲ့သားသမီးတွေ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။ ဒီဂေဟာမှာ နေထိုင်သူနဲ့ မိသားစုတွေအကြား မှန်အကာအရံခြားထားပြီး ၁၅ မိနစ်လောက်ပဲ စကားပြောဆိုခွင့်ပြုပါတယ်။
ကျန်းမာရေး နောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဂေဟာနေထိုင်သူဟာ သူ့ရဲ့သားတွေကို ပလပ်စတစ်ခန်း အကာအရံခြားပြီး တွေ့ဆုံရပါတယ်။ ဒီဂေဟာမှာနေထိုင်တဲ့ ဘဝရဲ့နေဝင်ချိန်ရောက်နေသူတွေရဲ့မိသားစုဝင်တွေကိုသာ တင်းကျပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ အခန်းတွေထဲ ဝင်ခွင့်ပြုပါတယ်။