Top
အိမ်ခြေမဲ့ဘဝက ပေးတဲ့ ရှင်သန်နေထိုင်နည်း သင်ခန်းစာ
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖုကုအိုကာ့ ခရိုင်၊ ခီတကျူးရှူး မြို့က လူငယ်တွေဟာ အိမ်ခြေမဲ့ ဖြစ်နေသူတွေနဲ့ အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့ပေးတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။ ဒီလူငယ်တွေက ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ၃၃ နှစ် ကြာ ရှိပြီဖြစ်တဲ့ အကျိုးအမြတ်ပဓာနမထားတဲ့ Hoboku အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ကူညီထောက်ပံ့သူနဲ့ အကူအညီ ရယူသူကြားက သာမန်ဆက်ဆံရေးအဆင့်ထက် ကျော်လွန်တဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေနဲ့ အိမ်ခြေမဲ့တွေကြားက ခိုင်မာနက်ရှိုင်းတဲ့ နှောင်ကြိုးတွေအကြောင်းကို ဒီအစီအစဉ်မှာ နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မိုးရေထဲမှာ အစားအစာ လိုက်ဝေနေသူ အသက် ၂၈ နှစ်အရွယ် Hanaoka Makoto
အသက် ၃၀ အရွယ် Taguchi Yuzuri ဟာ ညစဉ် လမ်းတွေပေါ်မှာ လှည့်ပတ်ကြည့်ပါတယ်။ ကျောင်းမှာ ဆက်ဆံရေးတွေမှာ အခက်အခဲရှိခဲ့တဲ့ အထက်တန်းကျောင်းသားဘဝတုန်းက သူဟာ အိမ်ယာမဲ့တစ်ဦး နဲ့ မိတ်ဆွေဖြစ်ပြီး သူ့ဘဝကို ကယ်တင်ပေးတာ ခံခဲ့ရဖူး တယ်လို့ ပြောပြပါတယ်။
သင်းအုပ်ဆရာကြီး Okuda Tomoshi ဟာ Hoboku NPO အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပြီး လူပေါင်း ၃,၆၀၀ ကျော်ကို အိမ်ခြေမဲ့ဘဝကလွတ်မြောက်ပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
မစ္စတာ Nishihara Nobuyuki ကိုယ်တိုင်လည်း အိုးမဲ့အိမ်မဲ့ နေခဲ့ဖူးပါတယ်။ သူဟာ လူမှုအသိုက်အဝန်းထဲက ဆင်းရဲနွမ်းပါးသူတွေဆီ လစဉ် သွားရောက်ပြီး စကားပြောဆိုလေ့ ရှိပါတယ်။
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<