ကြေးစား အမျိုးသမီး စက်ဘီးသမားဟောင်းလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ Kathryn Bertine
လတ်တလော နှစ်တွေအတွင်း အားကစားလောကမှာ ကျားမ ကွာဟမှုက မကြာခဏ အငြင်းပွားစရာ ဖြစ်လာနေတဲ့အကြား အမျိုးသမီး စက်ဘီးသမားဟောင်း Kathryn Bertine ဟာ မိခင်နိုင်ငံ အမေရိကမှာ ကျားမ ခွဲခြားတဲ့ လစာကွာဟမှု ဖျက်သိမ်းရေးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီး အားကစားသမားတွေရဲ့ အကျိုးခံစားခွင့်တွေ တိုးတက်လာစေဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ လမ်းပွင့်လာစေဖို့အတွက် Kathryn Bertine ရဲ့ လှုပ်ရှားမှုတွေအကြောင်း ဒီအစီအစဉ်မှာ လေ့လာရပါမယ်။ (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ကြေးစား အမျိုးသမီး စက်ဘီးသမားဟောင်းလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ Kathryn Bertine