World Central Kitchen တည်ထောင်သူ Jose Andres
မစ္စတာ Jose Andres ဟာ စားဖိုမှူးတစ်ဦးဖြစ်ပြီး Tonga နဲ့ Haiti နိုင်ငံတွေနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်တွေ အပါအဝင် သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ အစားအစာ သန်း ၇၀ ကျော်ကို အခမဲ့ ထောက်ပံ့ပေးနေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ "World Central Kitchen" ကို တည်ထောင်သူ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတာကို နှစ်သက် သဘောကျတဲ့ မစ္စတာ Jose Andres နဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)