အစုရှယ်ယာရှင် တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ "Follow This" ကုမ္ပဏီကို တည်ထောင်သူလည်းဖြစ်တဲ့ Mark van Baal
ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကနေ သဘာဝ စွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ ဦးတည်လုပ်ဆောင်မှုတွေမှာ အရေးပါတဲ့ လိုအပ်ချက်တွေထဲက တစ်ချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုတွေရဲ့ တစ်ဝက်ကျော်အတွက် တာဝန်ရှိနေတဲ့ အဓိက ရေနံကုမ္ပဏီကြီးတွေ ပူးပေါင်းပါဝင်လာကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီရေနံကုမ္ပဏီကြီးတွေရဲ့ အစုရှယ်ယာတွေကို ဝယ်ယူကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် ဆုံးဖြတ်ချက်ထွက်ပေါ်လာအောင် ပံ့ပိုးကူညီပေးကြဖို့ နိုင်ငံသားထောင်ပေါင်းများစွာကို စည်းရုံးလှုံ့ဆော်ပေးနေတဲ့ နယ်သာလန်ရှယ်ယာရှင် တက်ကြွလှုပ်ရှားသူ Mark van Baal နဲ့ မေးမြန်းပြောဆိုထားတာတွေကို ဒီအစီအစဉ်မှာ နားဆင်ရပါမယ်။
အစုရှယ်ယာရှင် တက်ကြွလှုပ်ရှားသူနဲ့ "Follow This" ကုမ္ပဏီကို တည်ထောင်သူ Mark van Baal