အပင်တွေကို အခြေခံတဲ့ တိုကျိုက လူနေမှု ဘဝ
တိုကျိုဟာ ကမ္ဘာတစ်ဝန်းက အရသာရှိတဲ့ အစားအစာတွေကို လူတိုင်း စားသုံးနိုင်တဲ့ နေရာတစ်ခု အဖြစ် ကျော်ကြားပါတယ်။ ဒါပေမဲ့ အသားငါး မစားတဲ့သူတွေအတွက်ကရော ဘယ်လိုပါလိမ့်။ NHK WORLD−JAPAN, Hindi ဘာသာစကားဌာနက ဟိန္ဒူဘာသာဝင် Chinmaya Dikshit က အဲဒီမေးခွန်းအတွက် အဖြေကို ရှာဖွေခဲ့ပါတယ်။ အသီးအရွက်တွေကိုအခြေခံတဲ့ စားသုံးမှုအလေ့အထနဲ့ လိုက်လျောညီထွေ ဖြစ်စေလာဖို့ ဂျပန်ရဲ့မြို့တော်က အခုနောက်ဆုံးကြိုးပမ်းအားထုတ်မှုတွေကို သူနဲ့အတူ လေ့လာကြည့်လိုက်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Chinmaya ဟာ တိုကျိုမှာ အသီးအရွက်အခြေခံ အစားအသောက်မျိုးစုံကို တွေ့ရှိခဲ့ပါတယ်။
Chinmaya နဲ့ သူ့ဇနီး Tanya တို့ဟာ ဟိန္ဒူဘာသာဝင်တွေဖြစ်တာကြောင့် ကန့်သတ်ချက်တွေများတဲ့ သက်သတ်လွတ်အစားအစာတွေဖြစ်အောင် ဂျပန်မှာတော့ သူတို့စားမယ့်အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ကြပါတယ်။
တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပြိုင်ပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း အပင်အခြေခံ စားသုံးမှုကို စိတ်ဝင်စားမှု ပိုများလာကြပြီး သက်သတ်လွတ်အစားအစာရောင်းချတဲ့ ကုန်စုံဆိုင်တောင်ဖွင့်လှစ်လာတာ တွေ့ရပါတယ်။
ဒီတက္ကသိုလ်က သက်သာစားသောက်ဆိုင်မှာ Vegan တွေနဲ့ သက်သတ်လွတ်စားသုံးသူတွေအတွက် ရွေးချယ်စရာ ဟင်းလျာစာရင်းကို ထည့်ပေးထားပါတယ်။ ယဉ်ကျေးမှုဖလှယ်ခြင်းဟာ အစားအသောက်နဲ့ ပတ်သက်တဲ့ အတားအဆီး၊အကာအရံတွေကို ဖြိုဖျက်ခြင်းလည်း ဖြစ်ပါတယ်။