အရှေ့တောင်အာရှလူငယ်တွေရဲ့ ဟီရိုရှီးမား အမှတ်တရများ (၁)
NHK WORLD-JAPAN အင်ဒိုနီးရှားဘာသာဌာနက အစီအစဉ်တင်ဆက်သူ Aji Rokhadi ဟာ အဏုမြူဗုံးကြဲချခံရတဲ့အချိန်တုန်းက ဟီရိုရှီးမားမှာ ပညာသင်ကြားနေတဲ့ အရှေ့တောင်အာရှ လူငယ်တွေရဲ့ အကြောင်းတွေကို ခြေရာပြန်ကောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားမောင်နှမနှစ်ဦးရဲ့ ဖခင်ဟာ ဟီရိုရှီးမားအဖြစ်ဆိုးကြီးကနေ အသက်ရှင် လွတ်မြောက်လာသူဖြစ်ပါတယ်။ အဏုမြူဗုံးကြဲချခံရပြီးနောက် အဲဒီဖခင်ဖြစ်သူနဲ့အတူရှိနေခဲ့တဲ့ ဂျပန်အမျိုးသမီးတစ်ဦးနဲ့ အင်ဒိုနီးရှား မောင်နှမ ၂ ဦးတို့ကို တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ဟီရိုရှီးမား အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူ အင်ဒိုနီးရှားကလာတဲ့ Hasan Rahaya ရဲ့ပုံနဲ့ အဏုမြူဗုံးဒဏ်ခံခဲ့ရတဲ့ အမိုးခုံးအဆောက်အဦ
မစ္စတာ Hasan သားသမီးတွေဖြစ်တဲ့ Deden Rochmawaty နဲ့ Ferdy Hasan
အဏုမြူဗုံးကြဲချခံရအပြီးမှာ ဟီရိုရှီးမားမြို့ခံ Kurihara Meiko ဟာ အရှေ့တောင်အာရှက ကျောင်းသားတွေနဲ့အတူ တစ်ပတ်ကြာ နေထိုင်ခဲ့ပါတယ်။
Deden နဲ့ Ferdy တို့ဟာ သူတို့ရဲ့ဖခင် Hasan Rahaya နဲ့ အတူရှိခဲ့တဲ့ မီးစ် Meiko ပြန်ပြောင်းပြောပြတဲ့ အကြောင်းတွေကို နားထောင်နေခဲ့ပါတယ်။