ဂျပန်မှာ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ တန်းတူညီမျှမှု ရရှိရေး ကြိုးပမ်းနေသူများ
Sakata Machi နဲ့ Theresa Sakata တို့ဟာ Kyoto ခရိုင်မှာ နေထိုင်တဲ့ လိင်တူစုံတွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Theresa ရဲ့ မွေးရပ်မြေ အမေရိကားမှာ တရားဝင်လက်ထပ်ခဲ့ကြပေမဲ့ ဂျပန်မှာ လိင်တူချစ်သူတွေကို တရားဝင် လက်ထပ်ခွင့်ကို အသိအမှတ်မပြုထားတာမို့ ဥပဒေအရ မိသားစုတွေ မဟုတ်ကြပါဘူး။ သုတ်ပိုးအလှူရှင် အကူအညီနဲ့ ဖန်ပြွန်သန္ဓေတည်ပြီး Theresa က မိခင်ဖြစ်လာခဲ့ပေမဲ့ Machi ကတော့ ကလေးရဲ့မိဘ တရားဝင် မဖြစ်နိုင်ခဲ့ပါဘူး။ လက်ထပ်ခွင့်ဆိုင်ရာ တန်းတူ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူတို့နှစ်ဦးရဲ့ ကြိုးပမ်းမှုတွေအကြောင်း နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Theresa နဲ့ Machiတို့ရဲ့ အမေရိကားက မင်္ဂလာပွဲ
သုတ်ပိုး အလှူရှင် အကူအညီနဲ့ ဖန်ပြွန်သန္ဓေသားတည်ပြီး ကလေးယူဖို့ သူတို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ သူတို့စုံတွဲနဲ့ တခြားတရားလိုတွေဟာ ၂၀၁၉ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ တန်းတူညီမျှမှု အတွက် ခရိုင်တရားရုံးမှာ စီရင်ချက် ကြားနာခဲ့ပါတယ်။
ဂျပန်မှာ သူတို့ရဲ့လက်ထပ်မှုဟာ တရားဝင်မဟုတ်တာကြောင့် Machi ဟာ ကလေးရဲ့ တရားဝင်မိဘ မဖြစ်နိုင်သေးပါဘူး။ သူတို့က တရားဝင် မိသားစု အမြန်ဆုံး ဖြစ်လာဖို့ လိုလားနေပါတယ်။