အနုပညာစွမ်းကတစ်ဆင့် ထွန်းညှိတဲ့ မျှော်လင့်ချက်မီးရှူးတိုင်
NHK WORLD-JAPAN ရဲ့ ရုရှားဘာသာဌာနက အစီအစဉ်တင်ဆက်သူ Anastasia Monakova ဟာ မေလတုန်းက တိုကျိုမှာ ကျင်းပတဲ့ စစ်ဆန့်ကျင်ရေး ပန်းချီပြပွဲသို့ သွားရောက်လေ့လာခဲ့ပါတယ်။ ပြခန်းမှာ ယူကရိန်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဂျပန်နိုင်ငံတွေက ပန်းချီ အနုပညာရှင် ၇ ဦးရဲ့လက်ရာ ပန်းချီကားတွေကို ခင်းကျင်း ပြသထားပါတယ် အစီအစဉ်တင်ဆက်သူ Anastasia က အဲဒီ ပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
NHK WORLD-JAPAN ရဲ့ ရုရှားဘာသာဌာနက အစီအစဉ်တင်ဆက်သူ Anastasia Monakova
ယူကရိန်းနိုင်ငံကလာတဲ့ Lena Aframova ဦးစီးကျင်းပတဲ့ ရုရှားလို "Dom•Dym•Dom" "အိမ်၊ မီးခိုး၊ အိမ်" လို့ အမည်ရတဲ့ ပန်းချီပြခန်း
Alyona Tolkachova ဟာ လက်ရှိ ယူကရိန်းနိုင်ငံမှာ နေထိုင်နေပါတယ်။ သူ့ပန်းချီကားတွေမှာ ပါတဲ့ အပြာရောင်နဲ့ အဝါရောင် ရေးခြယ်ထားတဲ့ ငှက်ကြားဖြူရဲ့ ပုံရိပ်တွေဟာ ယူကရိန်းအလံရဲ့ အရောင်တွေကို ကိုယ်စားပြုနေပါတယ်။
Iłla Jeraševič က ဘယ်လာရုစ်နိုင်ငံက ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံပြန်ဖို့ ခက်ခဲနေတဲ့အတောအတွင်း သူဟာ မွေးရပ်မြေကသူတွေနဲ့ တစ်သားတည်းရှိနေတယ်ဆိုတာ ပြသဖို့ အကောင်းဆုံးနည်းလမ်းအနေနဲ့ ဒီပန်းချီပြပွဲမှာ ညစာစားပွဲပုံရေးဆွဲထားတဲ့ သူ့လက်ရာပန်းချီကားနဲ့ ပါဝင်အားဖြည့်ခဲ့ပါတယ်။