သေးငယ်ပေမဲ့ ကြီးမားတဲ့ အကူအညီ − ပထမပိုင်း
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ဂျပန်အရှေ့ပိုင်းမှာ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခုဆို ၁၁ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ပြန်နာလန်ထူလာဖို့ ရုန်းကန်နေရဆဲဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ရိုက်ခတ်ခံရတဲ့ ဧရိယာတွေအတွက် ဆက်လက်ကူညီလုပ်ဆောင်ပေးနေတဲ့ ဂျပန်ရောက် နိုင်ငံခြားသား နေထိုင်သူတွေအကြောင်းကိုအပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်သွားပါမယ်။ ပထမပိုင်းမှာတော့ ဂျပန်မှာ မြန်မာဒုက္ခသည်အဖြစ် ခိုလှုံနေသူတစ်ဦးက သဘာဝဘေးကြီးဖြစ်ပြီး သိပ်မကြာခင်မှာ ဘေးဒဏ်ခံဒေသက လူမှုအသိုက်အဝန်းအတွက် ကြိုးကြိုးစားစား လုပ်ဆောင်ပေးခဲ့တဲ့အကြောင်း တင်ဆက်ပေးပါမယ်။ (၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် တိမ်းရှောင်ခိုလှုံလာသူ ကိုကျော်ကျော်စိုးဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်းသုံးဆယ်ကြာ နေထိုင်လာခဲ့သူ တစ်ဦးဖြစ်ပြီး တိုကျိုမှာ မြန်မာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။
အရှေ့ဂျပန်ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မကြာခင်မှာပဲ ကိုကျော်ကျော်စိုးဟာ ဂျပန်ရောက် မြန်မာတွေနဲ့အတူ Tohoku ဒေသကို အကြိမ်ကြိမ် သွားရောက်ကူညီခဲ့ပါတယ်။
သူတို့ဟာ မြန်မာကုန်ပစ္စည်းတွေ ရောင်းချပြီး ရရှိလာတဲ့ငွေနဲ့ မြန်မာနိုင်ငံက တော်လှန်ရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီလှူဒါန်းကြပါတယ်။