ဂျပန်ကနေအမိနိုင်ငံကို ကူညီဖို့ ကြိုးပမ်းနေသူ အာဖဂန်နိုင်ငံသား
အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တာလီဘန် အုပ်စု က အာဏာပြန်ရလာပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက ဆိုးရွားလာပါတယ်။ အာဖဂန်နွယ်ဖွား မစ္စတာ Baburi Ashraf ဟာ သူ့ မွေးရပ်မြေက လူတွေကို ကူညီထောက်ပံ့ပေးဖို့ အာဖဂန်နိုင်ငံက အထူးထုတ်လုပ်ထားတဲ့ ဂျပန်နိုင်ငံမှာ သစ်သီးခြောက်တွေကို ရောင်းချနေပါတယ်။
သယ်ယူပို့ဆောင်မှုတွေ ရပ်တန့်နေတဲ့ အခုလို အချိန်ကာလမှာတောင် ဆက်လက်အကူအညီပေးနိုင်ဖို့ မစ္စတာ Ashraf ရဲ့ ကြိုးပမ်းမှုတွေကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မစ္စတာ Baburi Ashraf ဟာ အာဖဂန်နိုင်ငံထုတ် သစ်သီးခြောက်ဆိုင်ကို ချိဘခရိုင်မှာ ဖွင့်လှစ် ရောင်းချနေပါတယ်။
ရက်ပေါင်း ၄၀ ကြာ နေလှမ်းအခြောက်ခံထားတဲ့ ပိုးသတ်ဆေးကင်းစင်တဲ့ မက်မွန်သီး၊ ကတွတ်သီး၊ စပျစ်သီး စတဲ့ သစ်သီးခြောက်များ။
ဆွတ်ခူးထားတဲ့ စပျစ်သီးများ- မစ္စတာ Baburi ဟာ စပျစ်ခြံ တောင်သူ ၃၄ ဦးနဲ့ကန်ထရိုက်စာချုပ် ချုပ်ဆိုပြီး သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ အရောင်းအဝယ် လုပ်ပါတယ်။
ဂျပန်တင်ပို့တဲ့ ကုန်တွေရဲ့ ဂိတ်ပေါက် ပါကစ္စတန်−အာဖဂန်နယ်စပ်က ပိတ်ထားပြီး ကုန်တင်ကားကြီးတွေလည်း အဲဒီနေရာမှာ သောင်တင်နေပါတယ်။