မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲ သိစေချင်တယ်
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက်အရပ်သားတွေကို နှိမ်နင်းခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒီအတောအတွင်း မေလက ဂျပန်နိုင်ငံမှာ နိုင်ငံတကာ ဘောလုံးပွဲတစ်ပွဲ ကျင်းပခဲ့တာမှာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးလည်း လာရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ သူက ဘောလုံးပွဲမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ လက်သုံးချောင်းထောင်ပြီး သူ့ ဆန္ဒကို ထုတ်ပြခဲ့ပါတယ်။ စိတ်ထဲမှာ ဒွိဟအတွေးများစွာ ဖြစ်နေတဲ့ သူဟာ ဘောလုံးပွဲအပြီးမှာ ဂျပန်မှာ ဒုက္ခသည်အဖြစ် ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဘောလုံးသမားရဲ့ ဇာတ်လမ်းကို နားဆင်ကြည့်ကြရအောင်။
ပြည့်လျှံအောင်ဟာ မြန်မာနိုင်ငံ့ကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်းရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။
မစ္စတာ Yoshino Jiro ဟာ ဂျပန်နိုင်ငံ ပရော်ဖက်ရှင်နယ် တတိယတန်း ဘောလုံးကလပ်အသင်း Y.S.C.C. Yokohama ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဘောလုံးသမား ပြည့်သျှံအောင်ကို သင်တန်းသားအဖြစ် လက်ခံခဲ့သူဖြစ်ပါတယ်။
Y.S.C.C. Yokohama ဖူဆယ်အသင်းမှာ ဘောလုံး ကစားနေတဲ့ ပြည့်လျှံအောင်
စိုက်ပျိုးရေး လုပ်ငန်းကို လက်တွေ့ကွင်းဆင်း လေ့လာနေတဲ့ ပြည့်လျှံအောင်