Top
တိုကျိုက တူရကီလူငယ်တွေရဲ့ ၅ နှစ်တာ − မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ Fumiari Hyuga နဲ့ တွေ့ဆုံမေးမြန်းခြင်း
ဂျပန်မှာကြီးပြင်းလာတဲ့ တူရကီကာ့ဒ် လူငယ်တွေရဲ့ ၅နှစ်တာ အင်တာဗျူးတွေကို အခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ၂၀၂၁ မှာ ပြသခဲ့ပါတယ်။ ဂျပန်မှာ ဒုက္ခသည်နေထိုင်ခွင့်ဗီဇာ ရရှိဖို့ သူတို့အကြိမ်ကြိမ် လျှောက်ထားပေမဲ့ ပယ်ချခံခဲ့ရတာမို့ အဆင့်မြင့် ပညာရေးကို သင်ယူပြီး အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေတဲ့ သူတို့ရဲ့အိပ်မက်တွေက ဘာလဲ? "Tokyo Kurds" မှတ်တမ်းရုပ်ရှင် ကို ဒါရိုက်တာ Hyuga Fumiari ကဖန်တီးခဲ့ပါတယ်။ ဒါရိုက်တာရဲ့ စိတ်ကူးအတွေးတွေနဲ့ မျက်မှောက်ခေတ် ဂျပန်အပေါ် သူ့ရဲ့အမြင်တွေကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ဒါရိုက်တာ Hyuga Fumiari
ဘာသာပြန်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ ဆက်လက် ကြိုးစားသင်ယူနေတဲ့ Ramazan
အနုပညာဖျော်ဖြေသူတစ်ဦး ဖြစ်လာဖို့ အိပ်မက်တွေ အကောင်အထည်ဖော်ရင်း မော်ဒယ်အေဂျင်စီနဲ့ အင်တာဗျူးခွင့်ရဖို့ ကြိုးစားနေတဲ့ Ozan
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<