အိပ်မက်တွေ ပြည့်ဝဖို့ ဂျပန်စကား သင်ယူနေသူများ
ဂျပန်မှာနေတဲ့ နိုင်ငံခြားကလာတဲ့ ကျောင်းသားအားလုံး နီးပါးဟာ ဂျပန်စကား စွမ်းရည် မလုံလောက်တာကြောင့် သာမန် ဂျပန်ကျောင်းသင်ခန်းစာတွေကို နားလည်ဖို့နဲ့ နေသားကျဖို့ အခက်အခဲတွေ တွေ့နေရပါတယ်။ အထက်တန်းကျောင်းကို ဝင်ရောက်လိုတဲ့ အဲဒီလို နိုင်ငံခြားကလာတဲ့ ကျောင်းသားကျောင်းသူတွေ အတွက် တိုကျိုက ဆင်ခြေဖုံးရပ်ကွက်မှာ အကျိုးအမြတ် မယူတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ NPO က တည်ထောင်ထားတဲ့ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းရှိပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဆန္ဒတွေ ပြည့်ဝစေဖို့ ဘာတွေ ကူညီပံ့ပိုးပေးဖို့ လိုအပ်တာပါလဲ။ နားဆင်ကြည့်ရအောင်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
အီဂျစ်ကလာတဲ့ Omar Ghazy ဟာ အထက်တန်းကျောင်း တက်ခွင့်ရချင်နေပါတယ်။ ဂျပန်ဘာသာကို သင်ထားရင် ကျောင်းစာသင်ရတာ ပိုပျော်စရာကောင်းလာလိမ့်မယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားကလာတဲ့ ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားနေပေးတဲ့ တိုကျို၊ Fussa မြို့က YSC Global School
YSC Global School ရဲ့ ဒါရိုက်တာ Tanaka Iki က ပြည်ပနိုင်ငံကလာတဲ့ ကျောင်းသားတွေက ဂျပန်အတွက် ပိုပြီး အားအင်တွေ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။
ကျောင်းသားကျောင်းသူတွေမှာ အနာဂတ်အိပ်မက် အမျိုးမျိုး ရှိကြတယ်။