မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကမောက်ကမ အနေအထားတွေနဲ့ မြန်မာနိုင်ငံသားတွေကို ကူညီ နိုင်ဖို့မျှော်လင့်ချက်နဲ့ ဂျပန်မှာ အကူအညီပေးရေး လုပ်ရှားမှုတွေ လုပ်နေသူတွေရှိပါတယ်။ အပတ်စဉ် လမ်းဘေးမှာ အလှူငွေကောက်ခံကြတဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ မြန်မာနိုင်ငံအတွက် အလှူငွေ ရှာတဲ့အနေနဲ့ ကလေးထိန်းဝန်ဆောင်မှုပေးတဲ့ အမျိုးသမီး နဲ့ မြန်မာကော်ဖီကို သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ တင်သွင်းပြီး ကော်ဖီဆိုင်လှစ်ထားတဲ့ လုပ်ငန်းရှင် စသဖြင့် အာဏာသိမ်းပြီး ၄လ ပြည့်တဲ့ ဇွန်လမှာ ကူညီထောက်ပံ့ရေး လှုပ်ရှားမှု လေးတွေ တစ်နိုင်တစ်ပိုင် ကြိုးစား လုပ်ကိုင်နေသူတွေ အကြောင်းကို ဒီအစီအစဉ်ကနေ နားဆင်ကြရအောင်။
လမ်းမှာ အလှူခံနေတဲ့ မီးစ် Miyachi Aoi
ကလေးထိန်း ဝန်ဆောင်မှုပေးပြီး လှူဖို့ လုပ်ကိုင်နေတဲ့ မီးစ် Watanabe Nagisa
မြန်မာကော်ဖီဆိုင် ဖွင့်ထားတဲ့ Okutomi Takehito