လိုအပ်နေသူတွေကို ကူညီသူ
ဒီတစ်ကြိမ်မှာတော့ ဂျပန်မှာနှစ်ပေါင်း ၃၀ ကျော်နေထိုင်နေတဲ့ ပါကစ္စတန်နိုင်ငံသား Haroon Qureshi ရဲ့ ကူညီထောက်ပံ့ရေး လှုပ်ရှားမှုတွေ ကတစ်ဆင့် မျက်မှောက်ဂျပန်ရဲ့ အခြေအနေတွေကို လျှပ်တစ်ပြက် မြင်တွေ့ရမှာပါ။ မစ္စတာ Haroon ဟာ တိုကျိုက ဗလီတခုရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး သူက အိမ်ယာမဲ့တွေ၊ COVID-19 ကပ်ရောဂါကြောင့် အခက်အခဲတွေနဲ့ ကြုံနေရသူတွေအပါအဝင် ဆင်းရဲဒုက္ခရောက်နေသူတွေကို လူမျိုး ဘာသာမခွဲခြားပဲ အကူအညီပေးနေပါတယ်။ သူရဲ့စာနာရိုင်းပင်းတတ်တဲ့ စိတ်ထားက ဂျပန်လူငယ်တွေ ကိုတောင် စိတ်ပါလာစေပါတယ်။ သူ့ရဲ့ တစ်ပါးသူကို ကြင်နာသနားတတ်တဲ့ စိတ်ထား က ဘယ်မှာ မြစ်ဖျားခံတာများဖြစ်မလဲ။ နားဆင်ကြည့်ရအောင်။ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
နှစ်ပေါင်းများစွာ လိုအပ်နေသူတွေကို ကူညီထောက်ပံ့လာသူ မစ္စတာ Haroon Qureshi (၅၅ နှစ်)
တိုကျိုမှာရှိတဲ့ Otsuka ဗလီ က မွတ်စလင် တွေ အချင်းချင်း ရိုင်းပင်းကူညီတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
မစ္စတာ Haroonနဲ့အတူ အစားအစာတွေကို ထောက်ပံ့ပေးနေတဲ့ ဂျပန်တက္ကသိုလ် ကျောင်းသားများ
လှူဒါန်းထားတဲ့ အစားအစာများ