စွန်တစ်ကောင်ရဲ့ ဆန္ဒ
ပါကစ္စတန်က သောတရှင်တစ်ဦး မေးလာတဲ့ ဂျပန်နိုင်ငံက စွန်လွှတ်ပွဲအကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဒီအစီအစဉ်ကနေ ဖြေပေးမှာ ဖြစ်ပါတယ်။ တင်ဆက်ပေးမယ့်သူကတော့ NHK အူရဒူ အသံလွှင့်ဌာနက အစီအစဉ်တင်ဆက်သူ မစ္စတာ Bilal Khan ဖြစ်ပါတယ်။ မစ္စတာ Bilal တစ်ယောက် ကြီးမားတဲ့စွန် တိုက်ပွဲတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်ကတည်းက ကျင်းပလေ့ရှိတဲ့ Niigata ခရိုင်ကို သွားပါတယ်။ ထူးခြားတဲ့ စွန်ကြီးတွေရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကို သိရှိခဲ့ရမှာ ဖြစ်ပြီး ရိုးရာနည်းပညာတွေကို သုံးပြီး စွန်တွေ လုပ်တဲ့ လက်မှုပညာရှင်တစ်ဦးနဲ့လည်း တွေ့ဆုံရပါမယ်။ (၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Bilal Khan
မစ္စတာ Nagasawa Toshiaki ဟာ စွန်တွေရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး နှံ့စပ်ကျွမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။
Giant Shirone kites
နှစ်ပေါင်း ၁၇၄ နှစ်ကြာအောင် စွန်ရောင်းတဲ့ ဆိုင်ကို ဘိုးစဉ် ဘောင်ဆက် ဖွဖွင့်လာတဲ့ မစ္စတာ Sudo Kenichi