နယ်နိမိတ်ကျော်ကာ ပန်းတွေ ပွင့်ပါမယ်
၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ဒီငလျင်ကြောင့် ဘေးဒဏ်သင့်ခဲ့တဲ့ သူတွေကို အားပေးဖို့ "ပန်းတွေ ပွင့်တော့မယ်" ဆိုတဲ့ သီချင်းကို ဖန်တီးခဲ့ပါတယ်။ ၁၀ နှစ်ကြာ ပြီးနောက်မှာ အခုဆိုရင် ဒီသီချင်းကို May J., Ono Lisa နဲ့ Morisaki Win တို့လို အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ ဘာသာစကား ၁၁ မျိုးနဲ့ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ ဒီသီချင်း စတင်ဖြစ်ပေါ်လာတဲ့ နောက်ကွယ်က အကြောင်းနဲ့ အဲဒီ ငလျင်ကြီး ကျရောက်ခဲ့တဲ့ ဒေသက ဒီကနေ့ခေတ် အခြေအနေကို ဒီအစီအစဉ်ကနေ လေ့လာကြရပါမယ်။
"ပန်းတွေ ပွင့်တော့မယ်" သီချင်းကို သီဆိုခဲ့ကြတဲ့ အနုပညာရှင် ၁၁ ဦး
Minamisanriku မှာ နေထိုင်တဲ့ တရုတ်အမျိုးသမီးတစ်ဦး ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတစ်ခုကို သွားရောက်စဉ်
ကမ္ဘာတစ်ဝန်းမှ ရရှိခဲ့တဲ့ ပန်းပွင့် ဓာတ်ပုံများ