Top
Easy Japanese Plus - " ယဉ်ကျေးပျူငှာ ပြောတတ်စေရာ "
Easy Japanese Plus အစီအစဉ်ရဲ့ Season 2 “ယဉ်ကျေးပျူငှာ ပြောတတ်စေရာ” ကဏ္ဍကို တင်ဆက်ပါမယ်။ ဒီ Season 2 ကို ကြီးကြပ်ပေးတဲ့သူကတော့ ဂျပန်စာဆရာ Kaneko Hiroyuki ဖြစ်ပါတယ်။ သူဟာ အထူးသဖြင့် ယဉ်ကျေးတဲ့ပုံစံ စကားလုံးအသုံးအနှုန်းတွေ အပါအဝင် ဂျပန်စာ၊ ဂျပန်စကားကို သင်ကြားပေးလာတာ နှစ်ပေါင်း (၃၀) အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ ဂျပန်စကားလုံးအသုံးအနှုန်းတွေကို ပုံစံ (၃) မျိုးခွဲပြီး လေ့လာရမှာပါ။ အဲဒီပုံစံတွေကတော့ ဖတ်စာအုပ်တွေမှာ ပထမဆုံးလေ့လာကြရတဲ့ DESU-MASU ပုံစံ၊ ရင်းနှီးတဲ့သူငယ်ချင်းနဲ့ မိသားစုတွေအကြားပြောတဲ့ပုံစံ၊ ယဉ်ကျေးစွာသုံးနှုန်းတဲ့ပုံစံတွေ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တစ်ဦးဦးကို ကိုယ်က တစ်ခုခုလုပ်ဖို့ ကမ်းလှမ်းတဲ့အခါမှာ ပြောဆိုတဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို လေ့လာကြရမှာပါ။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
အစီအစဉ်တင်ဆက်သူ ပွင့် ၊ မင်းခန့်