ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်ဟာ ခရီးသွားရင်း ပင်ပန်းနွမ်းနယ်တာတွေ ပြေပျောက်စေဖို့ မြို့ငယ်လေးတစ်ခုမှာ တွေ့တဲ့ စဲန်းတို လို့ခေါ်တဲ့ အများသုံးရေချိုးခန်း နေရာတစ်ခုကို ဝင်လိုက်ပါတယ်။ အဲဒီနေရာက လက်မှတ်အရောင်းစက်မှာ သူ ကောင်းကောင်းနားမလည်နိုင်တဲ့ သီးသန့်ရေစိမ်ကန်နာမည်တွေ တန်းစီလို့နေပါတယ်။ စဲန်းတိုရေချိုးခန်းနဲ့ ဒီနာမည်တွေကို ဆက်စပ်လို့ မရခဲ့ပေမဲ့ နာမည်တစ်ခုကို သူ ကောက်ရွေးလိုက်ပြီး အထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဆီးကြိုလို့နေပါတယ်။ ဘာကြောင့်မှန်းမသိ ရေချိုးခန်းဝန်ထမ်းက ရှင်းပြနေတာတွေကို နားမထောင်ဘဲ သိချင်ဟန်ဆောင်ပြီး ရေစိမ်ကန်ထဲ ဝင်သွားတဲ့ အဓိက ဇာတ်ကောင်။ သူ့ကို စောင့်ကြိုနေတာကတော့ လုံးဝမျှော်လင့်မထားတဲ့ ရင်ခုန်စရာ စွန့်စားခန်းတစ်ခုပါ။ သူ ဘာတွေ ဆက်ဖြစ်မလဲ။
ဒီတစ်ပတ်မှာတော့ ရေးသားသူ Kumozome Yuu ရဲ့ “ဖူနဲ့နိုယူး ရေချိုးခန်း” ဆိုတဲ့ ဝတ္ထုဇာတ်လမ်း ဒုတိယပိုင်းကို NHK WORLD− JAPAN က ကိုငယ်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။ စောင့်မျှော်နားဆင်ကြည့်ကြရအောင်။