ဂျပန်စာပေမွေ့ပျော်ချိန် - “ကျောက်ထက်မှတ်တမ်း” အပိုင်း(၃)
G7 ဟီရိုရှီးမား ထိပ်သီးအစည်းအဝေးကို မေလ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က NHK WORLD RADIO JAPAN ကနေ ထုတ်လွှင့်ခဲ့တဲ့ ဟီရိုရှီးမားမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အဏုမြူဗုံးဒဏ်ခံစားရသူ ဒုတိယမျိုးဆက် Shaw Kuzki ရဲ့လက်ရာ "ကျောက်ထက်မှတ်တမ်း" ဆိုတဲ့ ဝတ္ထုကို ပြန်လည်တင်ဆက်နေပါတယ်။
ဇာတ်လမ်းထဲမှာ Mitsuko ဟာ သူရဲ့မိခင် Teruno နဲ့ ဟီရိုရှီးမားမှာ နေထိုင်ပါတယ်။ မိခင် Teruno ဟာ သြဂုတ်လ ၆ ရက်နေ့မနက်အစောပိုင်းမှာ ဘဏ်ကို သွားခဲ့ပါတယ်။ သူ ဘဏ်ကိုရောက်ပြီး ခဏအကြာမှာ ကြီးမားပြင်းထန်တဲ့ အလင်းတန်းကြီးတစ်ခုက မြေပြင်ပေါ်ကို ထိုးကျလာခဲ့ပါတယ်။ Mitsuko ဟာ မိခင် Teruno ကို ဘဏ်မှာသွားရှာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရပြတိုက်မှာ ပြသထားတဲ့ ကျောက်တုံးလှေခါးထစ် တစ်စိတ်တစ်ပိုင်းအကြောင်းရေးဖွဲ့ထားတဲ့ "ကျောက်ထက်မှတ်တမ်း" ဇာတ်လမ်း အပိုင်း (၃) ဇာတ်သိမ်းပိုင်းနဲ့အတူ စာရေးသူ Shaw Kuzki နဲ့ တွေ့ဆုံမေးမြန်းခန်းကိုပါ နားဆင်ရပါမယ်။ (၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)