ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ် - “ကျောက်ထက်မှတ်တမ်း” အပိုင်း(၂)
G7 ဟီရိုရှီးမား ထိပ်သီးအစည်းအဝေးကို မေလ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က NHK WORLD RADIO JAPAN ကနေ ထုတ်လွှင့်ခဲ့တဲ့ ဟီရိုရှီးမားမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အဏုမြူဗုံးဒဏ်ခံစားရသူ ဒုတိယမျိုးဆက် Shaw Kuzki ရဲ့လက်ရာ "ကျောက်ထက်မှတ်တမ်း" ဆိုတဲ့ ဝတ္ထုကို စနေသီတင်းပတ် သုံးပတ်မှာ ထုတ်လွှင့်နေပါတယ်။
ဇာတ်လမ်းထဲမှာ Mitsuko ဟာ သူရဲ့မိခင် Teruno နဲ့ ဟီရိုရှီးမားမှာ နေထိုင်ပါတယ်။ မိခင် Teruno ဟာ သြဂုတ်လ ၆ ရက်နေ့မနက်အစောပိုင်းမှာ ဘဏ်ကို သွားခဲ့ပါတယ်။ သူ ဘဏ်ကိုရောက်ပြီး ခဏအကြာမှာ ကြီးမားလှတဲ့ အလင်းတန်းကြီးတစ်ခုက မြေပြင်ပေါ်ကို ထိုးကျလာခဲ့ပါတယ်။ ဟီရိုရှီးမား ငြိမ်းချမ်းရေး အမှတ်တရပြတိုက်မှာပြသထားတဲ့ ကျောက်တုံးလှေခါးထစ်တစ်စိတ်တစ်ပိုင်း အကြောင်း အပိုင်း (၂) ကို နားဆင်ပါ။ (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)