ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ် - “ကျောက်ထက်မှတ်တမ်း” အပိုင်း(၁)
G7 ဟီရိုရှီးမား ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ အဏုမြူဗုံးကြဲချခံခဲ့ရတဲ့ မြို့နှစ်မြို့ထဲက တစ်မြို့ဖြစ်တဲ့ ဟီရိုရှီးမားမှာ မေလ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ဟီရိုရှီးမားမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အဏုမြူဗုံးဒဏ်ခံစားရသူ ဒုတိယမျိုးဆက် Shaw Kuzki ရဲ့လက်ရာ "ကျောက်ထက်မှတ်တမ်း" ဆိုတဲ့ ဝတ္ထုကို NHK WORLD RADIO JAPAN ကနေ ၂၀၁၆ ခုနှစ် ဇူလိုင်လကနေ သြဂုတ်လအထိ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါကြောင့် G7 ထိပ်သီးအစည်းအဝေးကျင်းပတဲ့နေရာ ဟီရိုရှီးမား မြို့ရဲ့ဇာတ်လမ်းကို ဒီအချိန်မှာလည်း ထပ်ပြီး နားဆင်စေချင်ပါတယ်။
မူလတန်းအောင်ပြီးကတည်းက Mitsuko ဟာ မိခင် Teruno အပ်ချုပ်အလုပ်ကို ကူညီရင်း ဟီရိုရှီးမားမှာ နေထိုင်ပါတယ်။ မကြာခင် ဒီမြို့ဟာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုခံရမယ်ဆိုတဲ့ ကောလဟာလတွေကြားတော့ Teruno က မြို့ကထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟီရိုရှီးမား ငြိမ်းချမ်းရေး အမှတ်တရပြတိုက်မှာပြသထားတဲ့ ကျောက်တုံးလှေခါးထစ်တစ်စိတ်တစ်ပိုင်း အကြောင်း အပိုင်း (၁) ကို နားဆင်ပါ။ (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)