"မေမေကနာမည်ကြီး Blogger" (ပထမပိုင်း)
မေမေက အင်တာနက်ပေါ်မှာ နာမည်ကြီး တဲ့ ဘလော့ဂါဆိုတာ ယုံတောင် မယုံနိုင်ပါဘူး။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ Natsuက သူ့အမေ ဟင်းချက်နည်းတွေရေးနေတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကိုသွားတွေ့ပါတယ်။ followerသောင်းချီရှိပြီး အရမ်းကို အောင်မြင်နေတဲ့ Blogစာမျက်နှာပါ။ ဒါပေမယ့် Natsuက အမေနဲ့စကားကောင်းကောင်းမပြောတဲ့ အတွက် အင်တာနက်စာမျက်နှာနဲ့ ပတ်သက်ပြီးလည်း မမေးနိုင်ပါဘူး။ ဒါပေမယ့် တစ်နေ့ Natsu က သူ့အမေရဲ့ အင်တာနက်စာမျက်နှာမှာ ကွန်မင့်သွားရေးပါတယ်။ အဲဒီကနေစပြီး အမေနဲ့သူ့ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေး တစ်ခု စဖြစ်လာပြီးဟင်းချက်နည်းတင်တဲ့ အင်တာနက် စာမျက်နှာကြောင့် အမေနဲ့သမီးကြားက နွေးထွေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် မွေးဖွားလာခဲ့ပါတော့တယ်။