"ဂျပန်စာပေ မွေ့ပျော်ချိန်"
"ဂျပန်စာပေမွေ့ပျော်ချိန်" အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဂျပန်ဝတ္ထုတိုတွေကို မိတ်ဆက်ပေးပါမယ်။ ဒီတစ်ကြိမ်မှာတော့ "အခုနှစ်မှာ ပထမဦးဆုံးဝတ်တဲ့ အင်္ကျီလက်တို" ဝတ္ထုတိုကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို ရေသားခဲ့သူ စာရေးဆရာမ Yamamoto Fumio ကို ၁၉၆၂ ခုနှစ်မှာ မွေးဖွားခဲ့ ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေကို အားပေးတဲ့အနနဲ့ ဒီဝတ္ထုကိုရေးခဲ့တာပါ။ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်က စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ကိုယ့် ဘဝကို ချစ်မြတ်နိုးတတ်လာစေဖို့ ရည်ရွယ် ရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။
အမြည်းလေး ဖတ်ကြည့်ရအောင်။
"ကျွန်မ ရည်းစားနဲ့ စကားများခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ ရည်းစားက ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်။ သူက ချစ်ပြတတ်တဲ့နေရာမှာ ကျွန်မထက်သာတဲ့ တခြားဌာနက မိန်းကလေးတစ်ဦးနဲ့ စပြီး ချိန်းတွေ့နေခဲ့တာ။ စိတ်ဖိစီးမှုတွေအောက်မှာ ကျွန်မ ပြိုလဲခဲ့ရတယ်။ ရုံး သွားဖို့တောင် ကျွန်မကိုယ်ကျွန်မ တွန်းအားမပေးနိုင်လောက်အောင်ကို ခွန်အားတွေ ဆုတ်ရုတ်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကျွန်မ ကုမ္ပဏီကနေ အလုပ်ထွက်လိုက်တယ်။ ကုန်တိုက်တစ်ခုမှာ အလုပ်ထပ်ရခဲ့ပြီး ဘာမှမစဉ်းစားဖြစ်အောင် အဲဒီအလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်ပြီး စနေ/တနင်္ဂနွေရော အားလပ်ရက်တွေမှာပါ တောက်လျှောက် အလုပ်လုပ်ခဲ့တယ်။ ၂ နှစ်လောက်ကြာတော့ ကျွန်မဘဝ အကြီးအကျယ် ပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်။" (အပိုင်း-၁)