တိုကျို သုတ ရသ ကောက်ကြောင်းများ- Fu
“တိုကျို သုတ ရသ ကောက်ကြောင်းများ” အစီအစဉ်ကနေ တိုကျိုမြို့ရဲ့ မီးဖိုချောင်လို့ နှစ်ပေါင်းများစွာ လူသိများခဲ့တဲ့ ဆုကိဂျိ ဈေးနဲ့ သူ့နေရာကို ဆက်ခံတဲ့ တိုးယိုးစု ဈေးအပါအဝင် ဂျပန်တစ်ဝန်းဈေးတွေမှာ တွေ့ရှိနိုင်တဲ့ အစားအစာတွေအကြောင်းကို မိတ်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ ဂျုံနဲ့ ပြုလုပ်ထားတဲ့ ဂျပန့်ရိုးရာ အစားအစာ  ဖု (fu)အကြောင်း တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဖု ကို ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ရာနဲ့ချီ စားသုံးလာခဲ့တာ ဖြစ်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။  ဖု (fu) ကို ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိတာကြောင့်  ဟင်းလျာချက်ပြုတ် ပြင်ဆင်တဲ့အခါမှာလည်း အမြင် ပိုကောင်းစေပါတယ်။ Kanazawa က လူများက ဖု (fu)ကို နေ့တိုင်းနီးပါး စားကြတဲ့ ဖု (fu)ဟင်းလျာတွေနဲ့လည်း မိတ်ဆက်ပေးမှာမို့ စောင့်မျှော်နားဆင်ပါရှင်။ (၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ဆုကိဂျိ ဈေးအပြင်ဘက်မှာ ရောင်းချနေတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖု (fu)မုန့်များ
NHK WORLD-JAPAN က သတင်းထောက် Jack Freeman က ဂျုံမှုန့်နဲ့ ဂလူတန်လို့ခေါ်တဲ့ ခပ်စေးစေး ဂျုံပရိုတင်းနဲ့ နယ်ပြီး လုပ်ထားတဲ့ ဂျပန်လို kuruma-bu လို့ခေါ်တဲ့ ဖု (fu)ကို ကြည့်နေပါတယ်။
ဘောလုံးပုံစံ temari-fu ကို (fu)ကြိုးနဲ့ ရစ်ပတ်ပြီး ရက်လုပ်ထားပါတယ်။
ဖု(fu)နဲ့ လုပ်ထားတဲ့ ပြင်သစ် ပေါင်မုန့်မီးကင်