တိုကျို သုတ ရသ ကောက်ကြောင်းများ- Konnyaku
“တိုကျို သုတ ရသ ကောက်ကြောင်းများ” အစီအစဉ်ကနေ တိုကျိုမြို့ရဲ့ မီးဖိုချောင်လို့ နှစ်ပေါင်းများစွာ လူသိများခဲ့တဲ့ ဆုကိဂျိ ဈေးနဲ့ သူ့နေရာကို ဆက်ခံတဲ့ တိုးယိုးစု ဈေးအပါအဝင် ဂျပန်တစ်ဝန်းဈေးတွေမှာ တွေ့ရှိနိုင်တဲ့ အစားအစာတွေအကြောင်းကို မိတ်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ ဂျပန်လူမျိုးတွေရဲ့ ဟင်လျာအများစုမှာ ထည့်ချက်တဲ့  ဂျပန်လို ကွန်းညာ့ကုလို့ခေါ်တဲ့ ဝ ဥ အကြောင်း တင်ဆက်ပေးမှာပါ။ ဝ ဥ တွေကို ချက်စားလို့လည်းရသလို ကြော်စားလို့လည်း ရပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝ ဥ အများဆုံးထွက်တဲ့ ဂွန်းမခရိုင်ကို သွားပြီး ဝ ဥ နဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေအကြောင်း တင်ဆက်ထားပါတယ်။ နားဆင်ပါ။ (၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ကွန်းညာ့ကုလို့ ခေါ်တဲ့ ဝ ဥ က အိစက်စက် အရသာရှိတယ်လို့ သိကြပါတယ်။
ကွန်းညာ့ကုလုပ်တဲ့ ဝဥက ၁ ကီလိုဂရမ်ကျော် အလေးချိန်ရှိရင် ရောင်းချဖို့ အဆင်သင့်ဖြစ်ပါပြီ။
NHK WORLD-JAPAN သတင်းထောက် Janni Olsson က ကွန်းညာ့ကု လုပ်တဲ့နေရာမှာ ကိုယ်တိုင် ဝင်လုပ်ကြည့်နေပါတယ်။
ကွန်းညာ့ကုနဲ့ သစ်ကြားသီးနဲ့ လုပ်ထားတဲ့ Gorgonzola အနှစ်ရည်