ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင် - ချယ်ရီပင်အောက်က ပျော်ပွဲရွှင်ပွဲ
ပင်လုံးကျွတ် ပွင့်နေတဲ့ စာကူရာ-ချယ်ရီပင်အောက်မှာ အစားစားကြ ၊ အရက်သောက်ကြတဲ့ ဟာနမိ-ပန်းကြည့်ပွဲဆိုတာ အခုခေတ်မှာလည်း ဂျပန်လူမျိုးအများက ခံစားပျော်ရွှင်နေကြတဲ့ နွေဦးရာသီပွဲလမ်း တစ်ခုဖြစ်ပါတယ်။ အဲဒီ နှစ်ခုတွဲ တစ်စုံ ခန်းစီးကားချပ်တွေပေါ်မှာ ၁၇ရာစုအစပိုင်းက ပန်းကြည့်ပွဲကို ရေးဆွဲထားပါတယ်။ အမျိုးသားလိုဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေရဲ့ အဲဒီကာလက ခေတ်စားတဲ့ပုံစံနဲ့ ဖျော်ဖြေမှုကိုလည်း ရေးဆွဲထားပါတယ်။ ဒီပန်းချီဟာ အမျိုးသမီးတွေချည်းပဲပါတဲ့ ပန်းကြည့်ပွဲဖြစ်ပြီး ကာလရှည်ကြာ စစ်ပွဲတွေရဲ့ အဆုံးမှာ ရောက်လာတဲ့ ငြိမ်းချမ်းရေးရဲ့ အငွေ့အသက်ကို မြင်နိုင်ပါတယ်။ ရေးဆွဲခဲ့သူက ခါနိုး နာဂါ့နိုဘုဖြစ်ပါတယ်။
(၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ချယ်ရီပင်အောက်က ပျော်ပွဲရွှင်ပွဲ