တိမ်ဖြူဖြူတွေကြားကနေ နှင်းဆောင်းနေတဲ့ ဖူဂျီတောင် ခန့်ခန့်ထည်ထည် ပေါ်နေတာကို သရုပ်ဖော်ထားတဲ့ လက်ရာပါ။ ၁၉ရာစုကုန်ခါနီးမှာ ပြုလုပ်ခဲ့ပြီး ဘောင်ခတ်ထားပါတယ်။ တကယ်တော့ ဒါဟာ "ပန်းချီကား"မဟုတ်ဘဲ သတ္တုပြားအောက်ခံပေါ်မှာ ကြွေဆေးကို သုတ်ပြီးမီးဖုတ်ထားတဲ့ ကြွေရည်သုတ်ပစ္စည်းဖြစ်ပါတယ်။ ပြုလုပ်ခဲ့သူက ဂျပန်ရဲ့ ထိပ်တန်း ကြွေရည်သုတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Sosuke Namikawa ပါ။ ၁၈၉၃ခုနှစ်က ကျင်းပခဲ့တဲ့ နိုင်ငံတကာကုန်စည်ပြပွဲမှာ ပြသခဲ့ပြီး ပြပွဲဝင်းအတွင်းက အနုပညာပြတိုက်မှာ "ပန်းချီကား" အဖြစ်နဲ့ ပြသခံခဲ့ရပါတယ်။ ဒီလက်ရာဟာ လူတွေရဲ့ နှစ်သက်အားပေးမှုခံရပြီး Sosuke Namikawa ရဲ့ အမည်ကို ကမ္ဘာက သိစေခဲ့ပါတယ်။ မိမိနိုင်ငံက လက်မှုပညာကို "အနုပညာ"အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံချင်တယ်ဆိုတဲ့ ဂျပန်ရဲ့ ပြင်းပြတဲ့ ဆန္ဒကို ပြည့်စေခဲ့တဲ့ လက်ရာဖြစ်ပါတယ်။
(၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)