ဂျပန်မှာ အနာဂတ်ရှေ့ဆက်ဖို့ အခက်တွေ့နေရတဲ့ နိုင်ငံခြားသား ကျောင်းသားများ
ဂျပန်မှာ လက်ရှိ နိုင်ငံခြားသား ကျောင်းသား ၃သိန်းကျော် ပညာသင်ကြားနေပါတယ်။ သူတို့ထဲက တချို့က ဘွဲ့ရပြီးတဲ့နောက် ဂျပန်မှာ အလုပ်ရဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် သူတို့ရဲ့ဘဝတွေမှာ အကြီးအကျယ် ဂယက်ရိုက်မှုတွေ ရှိနေပါတယ်။ ဒီအစီအစဉ်မှာ ကပ်ရောဂါရဲ့ အကြီးအကျယ်ရိုက်ခတ်မှုကြောင့် အနာဂတ် အခွင့်အလမ်းတွေအတွက် ကြိုးပမ်းရုန်းကန်နေရတဲ့ ဂျပန်ရောက် နိုင်ငံခြားသားကျောင်းသားတွေ အကြောင်းကို အလေးပေး တင်ဆက်မှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကြောင့် Taweesak ရဲ့ ဘဝ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။
လူမှုဘဝနေထိုင်မှုပုံစံသစ် "new normal"နဲ့ နိုင်ငံခြားသား ကျောင်းသားတွေ ဂျပန်စာ သင်ယူနေပုံ
ဂျပန်ဘာသာသင်ကျောင်းရဲ့ တောင်းဆိုမှုနဲ့ မစ္စတာ Nakamura က နိုင်ငံခြားသား ကျောင်းသားတွေကို အလုပ်အင်တာဗျူး လေ့ကျင့်ပေးနေပုံ
နယ်မှာ ရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဗီယက်နမ် က ကျောင်းသူဟောင်းတစ်ဦး