ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မှာရှင်သန်တဲ့ ဂျပန်က ထိုင်းလူမှုအဖွဲ့အစည်း
နိုင်ငံခြားသား ၂.၈၀ သန်းလောက် ဂျပန်နိုင်ငံမှာ နေထိုင်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပြန့်ပွားမှုတွေဟာ သူတို့တွေရဲ့ လူနေမှုဘဝတွေကို အခက်အခဲတွေ့စေပါတယ်။ ဂျပန်မှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ဒီအစီအစဉ်ကနေ ဂျပန်မှာ နေထိုင်ကြတဲ့ ထိုင်းလူမျိုးတွေရဲ့ လူမှုအဖွဲ့အစည်းက အခက်အခဲတွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ။
"Thai in Saitama" လို့ခေါ်တဲ့ အဲဒီလူမှုအဖွဲ့အစည်းကို စိုက်တမာ့ခရိုင်မှာ နေထိုင်ကြတဲ့ ထိုင်းလူမျိုး ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
"Thai in Saitama" အဖွဲ့ခေါင်းဆောင် Supattra Rattanasuksri
ဒေါက်တာ Kobayashi ရဲ့ ဆေးခန်းမှာ လူနာတွေကို စမ်းသပ်စစ်ဆေးတာ၊ ဆွေးနွေးတိုင်ပင်တာတွေ ကုသတာတွေကို အင်္ဂလိပ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ တာ့ဂလော့ဂ် စတဲ့ ဘာသာစကား ၆ မျိုးနဲ့ လုပ်ပေးပါတယ်။
AMDA လို့ခေါ်တဲ့ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်စင်တာမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံပေးဆွေးနွေးမှုတွေကိုဘာသာစကား ၉ မျိုးနဲ့ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အသေးစိတ်သိချင်ရင်တော့ https://www.amdamedicalcenter.com/activities အင်တာနက်စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။