ကင်ဆာရောဂါနဲ့ နပန်းလုံးနေရတဲ့ နာကျင်ကိုက်ခဲဝေဒနာကု ဆရာဝန်
ကိုယ်တိုင်ခံစားနေရတဲ့ ကင်ဆာရောဂါကို ရင်ဆိုင်နေရတဲ့အကြောင်း စာအုပ်ရေးသားရင်း အများရဲ့ အာရုံစိုက်မှုကို ရယူဆွဲဆောင်နေတဲ့ အသက် ၅၆ နှစ်အရွယ် နာကျင်ကိုက်ခဲဝေဒနာကုဆရာဝန် ယိုးဟေး အိုးဟာ့ရှိ (Yohei Ohashi) အကြောင်းကို တင်ဆက်ပါမယ်။ သူဟာ ကင်ဆာရောဂါသည်တွေကို နှစ်ပေါင်းများစွာ ကုသပေး နေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ သူကိုယ်တိုင် ကင်ဆာရောဂါစွဲကပ်နေပြီ ဆိုတာကို တွေ့ရှိခဲ့ပြီး အစာအိမ်ရဲ့ အစိတ်အပိုင်းအတော်များများကို ဖြတ်ထုတ်ပစ်ခဲ့ရပါတယ်။ နောက် ၁၀ လအကြာမှာ ကင်ဆာအဖုအကြိတ်တွေဟာ သူ့ရဲ့ အသည်းအထိ ပြန့်နေတာကို တွေ့ခဲ့ရပါတယ်။ လူနာတစ်ယောက်ရဲ့ ရှုထောင့်ကနေ သူ ဘာတွေကို လေ့လာရရှိခဲ့သလဲဆိုတာတွေကို တင်ဆက်သွားမှာပါ။ (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)
ဆရာဝန် ယိုးဟေး အိုးဟာ့ရှိ